Exe file မှ Jpeg သို့အသွင်ပြောင်းထားခြင်း

Exe file မှ Jpeg သို့အသွင်ပြောင်းထားခြင်း

အခုပြောမယ့်နည်းလမ်းက exe file ကို jpeg ပြောင်းလိုက်တာ မဟုတ်ပေမယ့် jpeg extension နဲ့ဆိုတော့
ရုတ်တရက်သတိမမူတဲ့သူတွေအတွက်တော့စိုးရိမ်စရာပါဘဲ။အားနည်းချက်တစ်ခုကလည်း shortcut file ဆိုတော့
မြှားပေါ်နေတာကလည်းဟာကွက်တစ်ခုလိုဖြစ်နေပါတယ်။

ပထမဦးဆုံး Folder တစ်ခုတည်ဆောက်လိုက်ပါ။ နောက်ပြီး My Computer ----> Tools ----> Folder Option
ကိုသွားပါ။ show hidden file types ကိုအမှန်ခြစ်ထဲ့လိုက်ပါ။ hide extensions for known file types ကိုမှန်အ
ခြစ်ဖြုတ်လိုက်ပါ။အဲ့ဒါဆိုရင်သင့် computer ထဲမှာရှိတဲ့ ပျောက်နေတဲ့ file တွေနဲ့ file တွေရဲ့ extension ကိုမြင်ရ
ပါလိမ့်မယ်။

သင့်ပေါင်းထဲ့ချင်တဲ့ exe file ကို သင်တည်ဆောက်ထားတဲ့ folder ထဲကိုထည့်လိုက်ပါ။
ဥပမာအနေနဲ့ server.exe file ကိုပေါင်းထည့်လိုက်တယ်ဆိုပါစို့။

သင့်ရဲ့ exe file ရဲ့ extension ကို jpeg ဆိုတဲ့ extension ကိုပြောင်းကြရအောင်။
ဥပမာ server.exe ကို picture.jpeg လို့ပြောင်းလိုက်ပါ။
Window ကသတိပေးတဲ့ Dialog Box ပေါ်လာပါလိမ့်မယ်။ သင့် file ရဲ့ extension ကိုတကယ်ပြောင်းမလားမ
ပြောင်းဘူးလားဆိုတာကိုမေးလာပါလိမ့်မယ်။ အဲ့ဒီ့အခါကျရင် Yes ကိုရွေးပေးပါ။

picture.jpeg ဆိုတဲ့ file ရှိတဲ့ folder ထဲမှာ picture.jpeg ဆိုတဲ့ file ကို shortcut တစ်ခုဖန်တီးလိုက်ပါ။

shortcut လုပ်ထားတဲ့ file ကို မိမိစိတ်ကြိုက်နာမည်တစ်ခုပေးလိုက်ပါ။
ဥပမာ…..me.jpeg လို့ပြောင်းလိုက်တယ်ဆိုပါစို့

me.jpeg ရဲ့ file ရဲ့ properties ကိုသွားပြီးအနည်းငယ်ပြောင်းကြရအောင်….

Start IN ထဲမှာရှိတဲ့စာတွေအားလုံးဖျက်ပြစ်လိုက်ပါ။

TARGET ဆိုတဲ့ထဲမှာ C:\Windows\system32\cmd.exe /c picture.jpeg လို့ပြောင်းထည့်လိုက်ပါ။

me.jpeg ဆိုတဲ့ file ကိုသာနှိပ်လိုက်မယ်ဆိုရင် server.exe ဆိုတဲ့ file ကိုသွား run မှာဖြစ်ပါတယ်။

me.jpeg ဆိုတဲ့ file ရဲ့ icon ကိုပြောင်းချင်တယ်ဆိုရင် me.jpeg ရဲ့ properties ကိုသွားပါ change icon ကိုသွားပါ။ look for icon this file ရဲ့ အောက်မှာ %SystemRoot%\system32\SHELL32.dll လို့ပြောင်းပေး
လိုက်ပါ။ နောက်ပြီးရင်ကိုယ်ကြိုက်တဲ့ပုံကိုရွေးပါ။

picture.jpeg ဆိုတဲ့ file ကို hidden လုပ်လိုက်ပါ။ picture.jpeg နဲ့ me.jpeg ဆိုတဲ့ file တွေကို folder တစ်ခုတည်းအောက်မှာထားဖို့မမေ့ပါနဲ့။
အခုပြောသွားတဲ့နည်းလမ်းက exe file ကို jpeg ပြောင်းလိုက်တာ မဟုတ်ပေမယ့် jpeg extension နဲ့ဆိုတော့
ရုတ်တရက်သတိမမူတဲ့သူတွေအတွက်တော့စိုးရိမ်စရာပါဘဲ။အားနည်းချက်တစ်ခုကလည်း shortcut file ဆိုတော့
မြှားပေါ်နေတာကလည်းဟာကွက်တစ်ခုလိုဖြစ်နေပါတယ်။

No comments: