Jpeg File ထဲတွင် WinRar ဖြင့်ချုံ့ထားသော File ပေါင်းထည့်ခြင်း

Jpeg File ထဲတွင် WinRar ဖြင့်ချုံ့ထားသော File ပေါင်းထည့်ခြင်း
အခုပြောမယ့်နည်းလမ်းသည်မိတ်ဆွေတို့၏ Win Rar ဖြင့်ချုံ့ထားသော File များကို
Jpeg ဟုခေါ်သော Image File ထဲတွင်ပေါင်း၍ဖွက်ထားသောနည်းလမ်းဖြစ်သည်…

ပထမဦးစွာ မိတ်ဆွေပေါင်းခြင်သော Rar ဖိုင်နှင့် Jpeg ဖိုင်ကိုယ် Folder တစ်ခုထဲ
တွင်ပေါင်းထည့်ပါ…
ဥပမာ … Test ဆိုသော Folder ကို C:\ အောက်တွင် တည်ဆောက်၍ 001.rar နှင့်
002.jpg တို့ကိုထည့်လိုက်ပါ…
ဒုတိယအနေဖြင့် Command Prompt ကို Start ---- run ----- cmd ဟုရိုက်ထည့်ု၍ဖွင့်
ပါ….
တတိယအနေဖြင့် Command Prompt တွင် cd\ ဟုရိုက်တည့်ပါ (cd\ ဟုရိုက်ထည့်ခြင်း
သည် လက်ရှိနေရာမှ Root သို့သွားခြင်းဖြစ်သည်…)
ဥပမာ…..C:\Documents and Settings\owner>cd\
C:\>
စတုတ္ထအနေဖြင့် ကိုယ်တည်ဆောက်ထားသော Folder သို့ဝင်ပါ..
ဥပမာ…..C:\>cd Test
C:\Test>
(cd "directory name" ဟုရိုက်ခြင်းသည် Directory Change လိုက်ခြင်းပင်ဖြစ်သည်…)
ပဉ္စမအနေဖြင့် Copy /b 002.jpg + 001.rar 003.jpg ဟု Command Prompt တွင်ရိုက်
ထည့်ပါ…
ဥပမာ….C:\Test>Copy /b 002.jpg + 001.rar 003.jpg
002.jpg
001.rar
1 file(s) copied.
ပြီးလျှင် Test ဆိုသော Folder ကိုဖွင့်ကြည့်ပါ…003.jpg ဆိုသောဖိုင်ရောက်လာပါလိမ့်မယ်
ထို 003.jpg ဖိုင်သည် 001.rar နှင့် 002.jpg နှစ်ခုကိုပေါင်းထားသောဖိုင်ဖြစ်ပါသည်..
003.jpg ဖိုင်ကို Right-Click နှိပ်၍ Open With ကိုသွားပါ
WinRar Archiver ကိုရွေးပါ…WinRar Box ထဲတွင် သင်WinRar ဖြင့်ချုံ့ထားသောဖိုင်ကိုမြင်ရပါလိမ့်မယ်….

1 comment:

ထွန်း said...

That's great idea, can pass filter/firewall. Normally we change name to .ex or .exe_ ,etc. Thks