အကန့်အသက်နဲ့ Folder တွေကို Share လုပ်နိုင်ဖို့

Windows XP Professional မှာကိုယ်က Share လုပ်ထားတဲ့ Folder တွေကိုအကန့်အသက်နဲ့ပဲခွင့်ပြု့ချင်တဲ့အခါမှာ Net Command Line tool ကိုအသုံးပြုပြီးကိုယ့်ရဲ့ကွန်ပျုတာကို hide လုပ်ထားနိုင်ပြီးတစ်ဆက်ထဲမှာပဲကိုယ် share လုပ်ထားတဲ့ Folder တွေကိုလည်း hide လုပ်ပြီးသားဖြစ်သွားပါတယ်။

Windows XP Professional မှာ Folder တစ်ခုကို Share လုပ်လိုက်တဲ့အခါမှာကိုယ့်ရဲ့ My Network Places ထဲမှာရှိနေတဲ့ Folder ကို network users တွေရယူအသုံးပြုစေချင်တယ်လို့အဓိပ္ပါယ်သက်ရောက်ပါတယ်။ကိုယ်ကလူတချို့နဲ့ပဲ Share လုပ်ချင်တဲ့အခါမှာ Net Command line tool ကိုသုံးပြီးကိုယ့်ကွန်ပျုတာ၊ ကိုယ့် Folder ကိုဖွက်ထားနိုင်ပါတယ်။လုပ်ဆောင်ရမယ့်နည်းလမ်းက……..
Command Prompt ကိုဖွင့်ပါ။ net config sensor/hidden:yes လိုရေးထည့်ပေးပါ။ ပုံမှန်အားဖြင့်ကိုယ် share လုပ်ချင်တဲ့ Folder ကိုရွေးပါ။
ကိုယ့်ကွန်ပျုတာက Network folder တစ်ခုခုကိုအစောတည်းက share လုပ်ပြီးသားဆိုရင်ဒီ Command သက်ရောက်အောင်နာရီဝက်လောက်ကြာအောင်စောင့်ရပါမယ်။
ဒီဝှက်ထားတဲ့ကွန်ပျုတာကိုပြန်ပေါ်စေချင်တဲ့အခါမှာ net config server/hidden:no လို့ပြင်ရေးပေးရပါမယ်။
ဒီလုပ်ဆောင်ချက်ကို Windows XP Professional တစ်ခုတည်းမှာပဲအသုံးပြုနိုင်မှာပါ။

No comments: